သင်ဟာ အမေရိကန်ပညာရေးကို စိတ်ဝင်စားပြီး
အမေရိကန်ထိပ်တန်း အစိုးရတက္ကသိုလ်ကြီးများတွင် တက်ရောက်ပညာသင်ယူလိုပါသလား။

အမေရိကန်တက္ကသိုလ်ရန်ကုန် (AU) မှ ကျောင်းသားကျောင်းသူများရဲ့ ပညာရေးအိပ်မက်ကို ကူညီပေးရန် အသင့်ရှိနေ ပါတယ်။ AU ရဲ့ 2+2 American Transfer Program မှာဆိုရင် ကျောင်းသားကျောင်းသူများအနေနဲ့ အမေရိကန် တက္ကသိုလ်ပညာရေးကို မြန်မာပြည်မှာ ၂ နှစ်၊ အမေရိကားမှာ ၂ နှစ် သင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီပရိုဂရမ်ကိုတော့ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသားကျောင်းသူများ၊ IGCSE ကျောင်းသားကျောင်းသူများ၊ GED ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထား တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်ပညာရေးဟာ ကမ္ဘာ့ထိပ်တန်း Liberal Arts and Science ပညာရေးဖြစ်ပြီး တက္ကသိုလ်ပထမနှစ်နဲ့ ဒုတိယနှစ်မှာဆိုရင် General Education လို့ခေါ်တဲ့ ကျောင်းသားများ သိသင့်သိထိုက်တဲ့ဘာသာရပ်များကို သင်ယူ ရတာဖြစ်ပါတယ်။ ဒီလို အမေရိကန်တက္ကသိုလ်ကြီးများရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်ပညာရေးကို AU မှာ သင်ယူနိုင်မှာ ဖြစ်ပြီး သင်ခန်းစာများကိုလည်း အမေရိကန်ပါမောက္ခများကိုယ်တိုင်က ပို့ချသွားမှာဖြစ်ပါတယ်။ AU မှာ သင်ယူထားတဲ့ ဘာသာရပ်အတန်းတွေကို တတိယနှစ် အမေရိကားမှာ တက်ရောက်တဲ့အခါ ပြန်လည်သင်ယူစရာမလိုဘဲ မိမိစိတ်ကြိုက်မေဂျာကို ရွေးချယ်ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

AU ရဲ့ 2+2 American Transfer Program နဲ့ ချိတ်ဆက်ထားတဲ့ အမေရိကန်တက္ကသိုလ်ကြီးများကတော့ ကာလီဖိုးနီးယားပြည်နယ်အစိုးရတက္ကသိုလ်စနစ် (California State University System) တွင် ပါဝင်သော CSU Sacramento, CSU Fresno, CSU Northridge, CSU Monterey Bay, CSU San Marcos စတဲ့ တက္ကသိုလ်ကြီးများ၊ State University of New Yorkတွင်ပါဝင်သော SUNY University at Albany, SUNY Empire State College၊ City University of New York (CUNY) College of Staten Island, John Jay College (CUNY), St. Francis College, Brooklyn မေရီလန်း ပြည်နယ် Salisbury University၊ မင်နီစိုးတားပြည်နယ် St. Cloud State University၊ ကန်တပ်ကီပြည်နယ် University of Kentucky၊ အလဘားမားပြည်နယ် University of North Alabama နှင့် Sweet Briar College တို့ဖြစ်ပါတယ်။ AU မှာ သင်ယူထားတဲ့ ဘာသာရပ် credit တွေအားလုံးကို ထိုတက္ကသိုလ်ကြီးများထံသို့ transfer ပြုလုပ်နိုင်ပြီး မိမိနှစ်သက်ရာမေဂျာကို ဆက်လက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။

AU ရဲ့ 2+2 American Transfer Program ကို လျှောက်ထားတက်ရောက်ကြတဲ့ IGCSE ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားကျောင်းသူများအတွက် စကောလားရှစ်ပညာသင်ဆုများကို ချီးမြှင့်လျက် ရှိပါတယ်။ လျှောက်ထားနိုင်တဲ့ ပညာသင်ဆုအမျိုးအစားပေါင်း ၆ မျိုးရှိပြီး ကျောင်းသားများအနေနဲ့ တစ်နှစ်စာ မြန်မာငွေသိန်း ၈၀ (အမေရိကန်ဒေါ်လာ ၅၀၀၀) အထိ တန်ဖိုးရှိသော ပညာသင်ဆုများကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ စကောလားရှစ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို https://au.edu.mm/scholarships တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ကျောင်းသားများအနေနဲ့ အမေရိကန်တက္ကသိုလ်ကြီးများသို့ transferပြုလုပ်တဲ့အခါ မှာလည်း မိမိတို့ GPA အလိုက် စကောလားရှစ်များကို ဆက်လက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ စကောလားရှစ်စာမေးပွဲဖြေဆိုချင် တဲ့ ကျောင်းသားကျောင်းသူများအနေနဲ့လည်း https://au.edu.mm/student-sign-up-form မှာ register ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အသက် ၁၆၊ ၁၇ အရွယ် IGCSE, GED (သို့မဟုတ်)တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများအနေနဲ့ တစ်ခါတစ်ရံမှာ မိမိတို့ရှေ့ဆက်ရမယ့် ပညာရေးအတွက် တွေဝေမှုတွေရှိနေတတ်ပါတယ်။ မိမိအနေနဲ့ ဘာကို ဝါသနာ ပါတာလဲ၊ နိုင်ငံခြားမှာ ကျောင်းတက်ရတာ အဆင်ပြေပါ့မလား စသဖြင့် မေးခွန်းပေါင်းစုံရှိနေတတ်ကြပါတယ်။ ကျောင်းသားတွေ သာမက မိဘတွေကိုယ်တိုင်လည်း ဒီလိုပူပန်မှုတွေရှိတတ်ကြပါတယ်။ ဒီလိုပညာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းနိုင်ဖို့ AU ရဲ့ One-on-One Consulting Session မှာ ဆွေးနွေးနိုင်ကြောင်းသတင်းကောင်းပါး လိုက်ပါတယ်။ ဒီ Consulting Session ကို အပတ်စဉ်အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်း နေ့လယ် ၁၂နာရီမှ ၂နာရီအတွင်း ပြုလုပ်သွားမှာပါ။ https://au.edu.mm/student-sign-up-form မှာ sign up လုပ်ပြီး Education counselor များနဲ့ ပညာရေးအကြောင်းအရာ တွေကို တစ်ဦးချင်းဆွေးနွေးနိုင်ပါတယ်။ AU ရဲ့ 2+2 American Transfer Program နဲ့ ပတ်သက်၍ဖြစ်စေ၊ နိုင်ငံခြား ပညာရေးနှင့်ပတ်သက်၍ဖြစ်စေ အသေးစိတ်သိရှိလိုပါက www.au.edu.mm ဝင်ရောက် ဖတ်ရှုနိုင်သလို အမေရိကန် တက္ကသိုလ်ရန်ကုန် ဖုန်းနံပါတ် ၀၉ ၇၇ ၉၀၀၀ ၉၀၀၊ အမှတ် ၁၁ (အေ)၊ အင်းယားလမ်း၊ ရန်ကုန်သို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။