Thank you for your interest in the American University of Yangon. Please find the latest stories below.
For further enquiries, please call 09 7900 00000 or email hello@au.edu.mm

Press Pack

American University of Yangon

Since its foundation in 2014 (as Connect University) the American University of Yangon has remained one of the top international university organizations in Myanmar.  The American University of Yangon offers students the opportunity to experience international education while residing in Myanmar. For those interested in studying abroad, AU provides transfer programs to various universities in the US. The American University of Yangon is an exceptional place to study, with qualified and dedicated staff ready to guide students inside and outside of the classroom. The campus in the heart of Yangon features a sporting facilities, gardens and a canteen. AU are passionate about education and student development. 

 

Press Releases

Connect University က American University of Yangon အမည်ပြောင်းလဲကာ အရည်အသွေးမြင့် အမေရိကန်ပညာရေးကို

မြန်မာကျောင်းသားများအား ဆက်လက်သင်ကြားပေးမည်။ ရန်ကုန်၊ ဇွန် ၈၊ ၂၀၁၉။ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော

Connect University ကို ယနေ့ ဇွန် ၈၊ ၂၀၁၉ တွင် American University of Yangon အမည်ဖြင့်ပြောင်းလဲ ဖွင့်လှစ်သွားမည်

ဖြစ်ပါသည်။ အမည်ပြောင်းလဲသွားမည်ဖြစ်သော်လည်း တက္ကသိုလ်၏ သင်ကြားမှုအရည်အသွေးမှာ တစ်စုံတစ်ရာပြောင်းလဲခြင်း

မရှိကြောင်းနှင့် ယခင်အတိုင်း အမေရိကန်အဆင့်မြင့်ပညာရေး အရည်အသွေးကို မြန်မာကျောင်းသူ၊ ကျောင်းသားများအား

ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။ အမေရိကန်တက္ကသိုလ်တွင် ၂+၂ အမေရိကန်တက္ကသိုလ်ပရိုဂရမ်၊ နွေရာသီ

လူငယ်ဦးဆောင်မှုသင်တန်းနှင့် IELTS ပြင်ဆင်ပေးသည့် အတန်းများ ဖွင့်လှစ်လျက်ရှိပါသည်။

၂+၂ အမေရိကန်တက္ကသိုလ် ပရိုဂရမ်တွင် အမေရိကန်နိုင်ငံ၏ ပထမ၂နှစ်ကို ရန်ကုန်တွင် သင်ကြားနိုင်မည်ဖြစ်ပြီး ကျန် ၂ နှစ်* ကို

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မီနီိဆိုးတား၊ ကန်တာကီနှင့် မေရီလန်းပြည်နယ်ရှိ ပါတနာအစိုးရတက္ကသိုလ်

၁၃ ကျောင်းတွင် မိမိကြိုက်နှစ်သက်ရာမေဂျာကိုရွေးကာ တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် American

University of Yangon မှ ကျောင်းသားပေါင်း ၄၆ ယောက်သည် အမေရိကားသို့ ပညာသင်ကြားရန် သွားရောက်ခဲ့ပြီး Bachelor

ဒီဂရီကို အောင်မြင်စွာ ရရှိသွားပြီဖြစ်သော ကျောင်းသားများလည်းရှိပြီဖြစ်သည်။

နွေရာသီလူငယ်ဦးဆောင်မှုသင်တန်းတွင် တက္ကသိုလ်မတက်မီကျောင်းသားကျောင်းသူများအတွက် လိုအပ်သော English 4 skills,

Leadership skill နဲ့ Life skill များအပြင် ကျောင်းပြင်ပအားကစားလှုပ်ရှားမှုများနှင့် လေ့လာရေးခရီးသွားခြင်းများ ပါဝင်ပါသည်။

လက်ရှိတက္ကသိုလ်ပရိုဂရမ်တွင် သင်ယူနေသော ကျောင်းသားကျောင်းသူများအနက် ၆ ဦးသည် အမေရိကန်သံရုံးမှ ထောက်ပံ့သည့်

လေထုအရည်အသွင်းစောင့်ကြည့်တိုင်းတာရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ထားပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်

သံအမတ် Scot Marciel ကိုယ်တိုင် တက္ကသိုလ်သို့လာရောက်အားပေးမှုများလည်း မေလက ပြုလုပ်ခဲ့ပါသည်။

နွေရာသီလူငယ်ခေါင်းဆောင်သင်တန်းမှတစ်ဆင့် တက္ကသိုလ်ပရိုဂရမ်ကို တက်ရောက်နေကြသော ၂၀၁၈ခုနှစ် မြန်မာတစ်နိုင်ငံလုံး

အဆင့်၎ ရရှိထားသော မောင်ထက်မြက်မင်းထွန်းသည်လည်း Yale တက္ကသိုလ်၏ Yale Young Global Scholars Program

(YYGS) 2019 အတွက် ရွေးချယ်ခံခဲ့ရပြီး မသင်းသဉ္ဖာစိုး၊ မသင်းရတီစုနှင့် မယူနတီတို့ အသီးသီးမှလည်း အမေရိကန်နိုင်ငံနှင့်

ထိုင်းနိုင်ငံအသီးသီးတွင် Youth Exchange Program ၀င်ခွင့်များအောင်မြင်ခဲ့ပြီး သွားရောက်လေ့လာခဲ့ပြီး ဖြစ်ပါသည်။

American University of Yangon (AUY) ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားများမှ မိမိထူးချွန်သည်များကို

လေ့လာနိုင်ပြီး အသိပညာများတိုးတက်ကာ ပြောင်းလဲလာသော ကမ္ဘာကြီး၏ အသစ်အသစ်သော ပညာရပ်များကို ဆက်လက်

လေ့လာသွားနိုင်တဲ့ လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန်ဖြစ်ပါသည်။

 

Invitation